
အချစ်...
အဝေးတနေရာကိုကြည့်လိုက်
ဒို့လက်ညှိုးရဲ့ထိပ်တည့်တည့်မှာ
နေမင်းလေးရောက်နေပြီ...
အချစ်...
အနီးဆုံးကိုကြည့်လိုက်
ဒို့ရင်ဘတ်တည့်တည့်မှာ
လမင်းလေးရောက်နေပြီ...
အချစ်...
မိုးကုတ်စက်ဝိုင်းကိုကြည့်လိုက်
ဒို့နှစ်ယောက်တွဲလက်တစ်စုံမှာ
ခိုင်မြဲတဲ့အင်အားရှိနေပြီ...
အချစ်...
အနန္တ အသေင်္ချေချစ်ခြင်းတွေ
မင်းနဲ့ဒို့ ရင်ခုန်သံမရပ်သရွေ့
အပြန်အလှန်ပိုင်ဆိုင်ရင်း
မျှဝေရင်းပေါ့
ခံစားမယ် အတူတူ
ပျော်ရွှင်ခြင်းတွေ
ရိုးရှင်းစွာရယူရင်း
မိုးကုတ်စက်ဝိုင်းအဆုံးထိ
တွဲလက်တွေတင်းတင်းဆုပ်
အဟုတ်အတူ သွားကြစို့....
အဝေးတနေရာကိုကြည့်လိုက်
ဒို့လက်ညှိုးရဲ့ထိပ်တည့်တည့်မှာ
နေမင်းလေးရောက်နေပြီ...
အချစ်...
အနီးဆုံးကိုကြည့်လိုက်
ဒို့ရင်ဘတ်တည့်တည့်မှာ
လမင်းလေးရောက်နေပြီ...
အချစ်...
မိုးကုတ်စက်ဝိုင်းကိုကြည့်လိုက်
ဒို့နှစ်ယောက်တွဲလက်တစ်စုံမှာ
ခိုင်မြဲတဲ့အင်အားရှိနေပြီ...
အချစ်...
အနန္တ အသေင်္ချေချစ်ခြင်းတွေ
မင်းနဲ့ဒို့ ရင်ခုန်သံမရပ်သရွေ့
အပြန်အလှန်ပိုင်ဆိုင်ရင်း
မျှဝေရင်းပေါ့
ခံစားမယ် အတူတူ
ပျော်ရွှင်ခြင်းတွေ
ရိုးရှင်းစွာရယူရင်း
မိုးကုတ်စက်ဝိုင်းအဆုံးထိ
တွဲလက်တွေတင်းတင်းဆုပ်
အဟုတ်အတူ သွားကြစို့....
No comments:
Post a Comment