Tuesday, November 4, 2008

ပြောခဲ့ပါ

သူစိမ်းမယ်ဆိုလဲ
ထားသွားမယ့်တစ်နေ့
အချိန်အတိကျလေး
ပြောခဲ့ပါ။
ပြန်ချစ်ဖို့ချန်ရစ်ခဲ့ရင်လဲ
မဟန်တဲ့ဒီအဖြစ်တွေကို
မထိန်ချန်ပဲ ပွင့်လင်းမှုတစ်ခုအနေနဲ့
ပြောခဲ့ပါ။
အဖြစ်မဆိုး ကဗျာပျိုးမယ့်
အက်ဆစ်မိုးတွေသွန်းတဲ့နေ့
အကာမရှိတဲ့ ရင်ခွင်ကို
မေတ္တာစကားလေးတော့
ပြောခဲ့ပါ။
.