Friday, July 8, 2011

အပြင်


မိုးပြာပြာ ကန္တာရထဲ
ပင်လယ်ဖျံတကောင်
ငါးရှာနေတယ်....

ငွေစန္ဒာ ငပုပ်ဖမ်းတော့
နက်နက်နဲနဲ အမှောင်က
တလောကလုံးမှာ တောက်ပလာ....

ရင်မှာနန္ထိ
ဗလာအတိပြီးတဲ့ ရွှေအိုရောင်
ပလက်တီနမ်အိပ်မက်တွေလည်း

စိန်စီထားတဲ့ ရတီကိုက်
အိပ်ဖန်ဆောင်မှာ
နေ့ကဗျာကို
အတ္တခံစား ကလောင်လေးတလက်နဲ့
အရောင်အသွေးက မဖက်တဖက်....

သူသူ ငါငါ
နွေးထွေးနေတဲ့ အာယုတွေတိုင်းဆီမှာ
အနန္တတွေ အမှောင်ဖုံး
အမှားပါတဲ့
တဏှာတွေနဲ့
ခပ်ယှက်ယှက် ပြုံးလိုက်တော့
သိက္ခာဆိုတာ
ဟိုး စင်္ကြာဝဠာရဲ့ အဝေးမှာ
အလင်းနှစ် သန်းတစ်ရာတိုင်း
အနမ်းကမ္ဘာတွေ
ဆင့်ကာဆင့်ကာဖြစ်မယ်ဆိုရင်
နင်နဲ့ငါဟာ
အဲဒီကမ္ဘာရဲ့အပြင်....