Sunday, March 21, 2010

သံစဉ်နဲ့အချစ်


မှောင်ရီပျိုးစ
ညခင်းလေးနဲ့အတူ
လေညှင်းကိုဆော့ကစား
အတူပြိုင် ချစ်ခြင်းလှယ်ရင်း
ဆိုင်းဝိုင်းသံမြိုင်မြိုင်အောက်
စီးမျောရင်း အတွေးနယ်ချဲ့တော့
နူးညံ့ညင်သာမှုအပြည့်နဲ့
အက္ခရာလှလှတွေကို
သံစဉ်နဲ့တန်ဆာဆင်ရင်း
သူ့ရယ်သံခပ်သဲ့သဲ့မှာ
ကိုယ် ဝပ်ဆင်းသွား....
ဟန်မပါ အနှစ်ကဗျာတွေက
ဘဝလမ်းကို တံတားခင်း
ချစ်ခြင်းကို ကျောပိုး
အသည်းနှလုံးကို ထွေးပိုက်
အယုအယ မြစ်နဒီကြောမှာ
အကြင်နာကို ရွက်လွှင့်
သစ္စာလှေထဲ
နှစ်ယောက်သား မြတ်နိုးမှုကို အားပြု
အိပ်မက်ကမ်းခြေဆီ
မှန်းဆ ရော်ရမ်းရင်း
အခုတော့
ဆိုင်းသံဗုံသံကြားက
ရုန်းထလာခဲ့ပြီ....