Monday, February 15, 2010

ချစ်သူများနေ့အမှတ်ရ


အပြာရောင်ကောင်းကင်အောက်က
ငြိမ်းချမ်းရေးချိုးငှက်တစ်စုံမဖြစ်နိုင်ရင်တောင်
ပန်းနုရောင်ပွင့်လွှာတွေကြားက
ယုယသိုဝှက်ထားတဲ့ အချစ်ရနံ့လှလှလေးကိုတော့
ကမ္ဘာကြီးမွှေးပျံ့စေဖို့ တစ်စိတ်တစ်ဒေသ
ကူညီနိုင်အောင်
ဒို့နှစ်ရောက် တွဲလက်မြဲမြဲတွဲ
ရင်ခုန်သံတွေ မရပ်သရွေ့
ကဗျာဆန်ဆန် ပျော်ရွှင်ရင်း
ဒီကမ္ဘာပေါ်က နေ့စွဲတွေကို
နှစ်ယောက်အတူဖြတ်သန်းရင်း
ကမ္ဘာကြီးစိမ်းလန်းစေဖို့
ရနံ့သင်းတဲ့ ပန်းလေးတစ်ပွင့်အဖြစ်
အထောက်ပံ့ပေးကြရအောင်လေ....

No comments: