Sunday, December 23, 2012

ထပ်တူ

မျက်ရည်တွေနဲ့ ခံစားချက်ကို ထုတ်မပြနဲ့... အချစ်တွေကို အေးစက်စက်အပြုအမူတွေနဲ့ လှစ်ဟမပြနဲ့.... တချက်လေး စောင့်ကြိုနေတုန်းမှာ... ရင်ထဲက အချစ်အမုန်းအားလုံး ဖွင့်ဟပြထား... ပွင့်လင်းတဲ့ အပြုံးတွေနဲ့ လက်တွေဆန့်တန်းထားပါ.... ငါ မင်းရင်ခွင်ဆီ မဖြစ်ဖြစ်တဲ့နည်းနဲ့ အရောက်လာခဲ့တာပဲ... ဘယ်နေရာ ဘယ်ဆီရောက်ရောက် မင်းထားသွားခဲ့ရင်တောင် နောက်ထပ် ဘယ်အချိန်ဘယ်အခြေနေဖြစ်ဖြစ် ငါ မင်းသာ ရင်ဖွင့်ထားမယ်ဆို အရောက်လာခဲ့မယ်...... ငါယုံထားတယ်.... မင်းလည်း ထပ်တူပဲဆိုတာကိုပေါ့....

No comments: