Monday, December 22, 2008

ခံစားရက်သူ

တနေ့ထက်တနေ့
သူအပြုံးအစဉ်ကြုံရမှ
နွေးထွေးမိစိတ်အစဉ်ကို
သိမ်းကျုံးယူ
သူတယ်သိရဲ့လား
အကြင်နာချစ်စကား
တစာစာကြားချင်လို့
မေးရတယ်မကြာမကြာကို
စိတ်ညိုငြင် မလွှဲလိုက်နဲ့အဝေးကို
အကြည့်တွေတဆုံးမှာ ကိုယ်ပဲရှိချင်တယ်
အချစ်ရဲ့တဆုံးမှာ အပြုံးတွေပဲရှိစေချင်တာ
ထာဝရသူသိနေမလား...

Tuesday, November 4, 2008

ပြောခဲ့ပါ

သူစိမ်းမယ်ဆိုလဲ
ထားသွားမယ့်တစ်နေ့
အချိန်အတိကျလေး
ပြောခဲ့ပါ။
ပြန်ချစ်ဖို့ချန်ရစ်ခဲ့ရင်လဲ
မဟန်တဲ့ဒီအဖြစ်တွေကို
မထိန်ချန်ပဲ ပွင့်လင်းမှုတစ်ခုအနေနဲ့
ပြောခဲ့ပါ။
အဖြစ်မဆိုး ကဗျာပျိုးမယ့်
အက်ဆစ်မိုးတွေသွန်းတဲ့နေ့
အကာမရှိတဲ့ ရင်ခွင်ကို
မေတ္တာစကားလေးတော့
ပြောခဲ့ပါ။
.

Thursday, October 9, 2008

ယုံ


ကမ္ဘာကြီး
နည်းနည်းတိမ်းစောင်းနေသလိုပဲ................
ငါနဲ့မင်း
ဆုံတွေ့ချိန်ကလဲ
နည်းနည်း ကချော်ကချွတ်နိုင်ခဲ့တယ်.........။

ငါက
ဆယ်စုနှစ်သုံးစုထဲကို
မျက်စပစ်နေချိန်မှာ..................
မင်းကတော့
တစ်စုသာသာပိုနေတယ်ပေါ့ လေ.........။

ကမ္ဘာက
ချောက်ကမ်းပါးအားလုံး
နက်တယ်လို့ပြောကြပေမယ့်..............
ငါမင်းနဲ့ဆုံဖို့
ကျော်ခဲ့ရတဲ့ ချောက်ကမ်းပါးက
ပိုလို့တောင်နက်အုံးမယ်.........။

ငါ့
အသက်နဲ့ရင်းပြီး
မင်းကို
သစ္စာတည်တည်ချစ်ခဲ့လို့..................
အခု
ငါရဲ့
မွေးနေ့တစ်ရက်ကို
မင်းနဲ့အတူ
ခပ်တည်တည်ကျော်ဖြတ်ခွင့်ရပြန်တော့မယ်.......။

ဒီမတိုင်ခင်မတော့
မင်းနဲ့ငါကြား
မတိုက်ဆိုင်မှုတွေ လွဲချော်မှုတွေနဲ့ ............
ရင်ကြားစေ့ခဲ့ရတာလဲ
ခါခါပေါ့နော်.............။

စာက
ရှည်သလို
ငါ့
အတွေးတွေလဲရှည်နေပြီ...........
ငါ
အချစ်တွေလဲ မပြေတော့ဘူး.............။

ဆက်လို့သာပဲ
ချည်နှောင်နေမိမှာက..........
မင်း
ရင်ဘတ်ထဲက နှလုံးသားကိုပေါ့.............။

မင်း
ဦးနှောက်က
ငါ့အတွက်
သိပ်စိတ်ရှုပ်ဖို့ကောင်းတယ်................။

ဒါပေမယ့်
မင်းကို
ငါအစဉ်ချစ်နေမယ်ဆိုတာ..........
ထာဝရမပြောင်းတဲ့ အကြောင်းတရားမို့
မင်း
စိုးရိမ်စရာခံစားချက် တစုံတရာကိုတော့
ငါ
ဘယ်တော့မှ မပေးနိုင်ပါဘူးဆိုတာ
ယုံ.............။