Tuesday, November 4, 2008

ပြောခဲ့ပါ

သူစိမ်းမယ်ဆိုလဲ
ထားသွားမယ့်တစ်နေ့
အချိန်အတိကျလေး
ပြောခဲ့ပါ။
ပြန်ချစ်ဖို့ချန်ရစ်ခဲ့ရင်လဲ
မဟန်တဲ့ဒီအဖြစ်တွေကို
မထိန်ချန်ပဲ ပွင့်လင်းမှုတစ်ခုအနေနဲ့
ပြောခဲ့ပါ။
အဖြစ်မဆိုး ကဗျာပျိုးမယ့်
အက်ဆစ်မိုးတွေသွန်းတဲ့နေ့
အကာမရှိတဲ့ ရင်ခွင်ကို
မေတ္တာစကားလေးတော့
ပြောခဲ့ပါ။
.

Thursday, October 9, 2008

ယုံ


ကမ္ဘာကြီး
နည်းနည်းတိမ်းစောင်းနေသလိုပဲ................
ငါနဲ့မင်း
ဆုံတွေ့ချိန်ကလဲ
နည်းနည်း ကချော်ကချွတ်နိုင်ခဲ့တယ်.........။

ငါက
ဆယ်စုနှစ်သုံးစုထဲကို
မျက်စပစ်နေချိန်မှာ..................
မင်းကတော့
တစ်စုသာသာပိုနေတယ်ပေါ့ လေ.........။

ကမ္ဘာက
ချောက်ကမ်းပါးအားလုံး
နက်တယ်လို့ပြောကြပေမယ့်..............
ငါမင်းနဲ့ဆုံဖို့
ကျော်ခဲ့ရတဲ့ ချောက်ကမ်းပါးက
ပိုလို့တောင်နက်အုံးမယ်.........။

ငါ့
အသက်နဲ့ရင်းပြီး
မင်းကို
သစ္စာတည်တည်ချစ်ခဲ့လို့..................
အခု
ငါရဲ့
မွေးနေ့တစ်ရက်ကို
မင်းနဲ့အတူ
ခပ်တည်တည်ကျော်ဖြတ်ခွင့်ရပြန်တော့မယ်.......။

ဒီမတိုင်ခင်မတော့
မင်းနဲ့ငါကြား
မတိုက်ဆိုင်မှုတွေ လွဲချော်မှုတွေနဲ့ ............
ရင်ကြားစေ့ခဲ့ရတာလဲ
ခါခါပေါ့နော်.............။

စာက
ရှည်သလို
ငါ့
အတွေးတွေလဲရှည်နေပြီ...........
ငါ
အချစ်တွေလဲ မပြေတော့ဘူး.............။

ဆက်လို့သာပဲ
ချည်နှောင်နေမိမှာက..........
မင်း
ရင်ဘတ်ထဲက နှလုံးသားကိုပေါ့.............။

မင်း
ဦးနှောက်က
ငါ့အတွက်
သိပ်စိတ်ရှုပ်ဖို့ကောင်းတယ်................။

ဒါပေမယ့်
မင်းကို
ငါအစဉ်ချစ်နေမယ်ဆိုတာ..........
ထာဝရမပြောင်းတဲ့ အကြောင်းတရားမို့
မင်း
စိုးရိမ်စရာခံစားချက် တစုံတရာကိုတော့
ငါ
ဘယ်တော့မှ မပေးနိုင်ပါဘူးဆိုတာ
ယုံ.............။

Sunday, September 28, 2008

အမှတ်တမဲ့စကားလုံးလေးများ



ခံစားရတာများရှိတဲ့အခါ မွန်းကြပ်တာတွေကို....

မေ့လိုက်တာအကောင်းဆုံးပါပဲ။

နူးညံ့သိမ်မွေ့တဲ့ရင်ခုန်နှုန်းတွေကို မှတ်မှတ်ရရတမ်းတနေဆဲမှာဆိုရင်........

အကောင်းဆုံးသောအသက်ရှင်မှုဘ၀တခုပေါ့။

အကြင်နာစကားလုံးလေးများထွက်ကျလာမလားလို့မျှော်လင့်နေတာများသိရင်....

အချိန်တိုင်း စက္ကန့်တိုင်းမှာရှိတယ် ကဗျာမဆန်ခြင်းလို့ထင်ထားခြင်းတခုဟာ အကောင်းဆုံးကဗျာဆန်မှုတခုဖြစ်နေပြန်ရော။

တသက်တာခံစားချက်အားလုံးကို အပိုင်စားပေးထားတာကို နားလည်ပေးထားတယ်ဆိုရင်....

နားလည်ထားခြင်းဆိုတဲ့ဘာသာဗေဒဟာ အပြန်အလှန်ငြင်းခုန်ဖို့အတွက် နေရာတွေ အချိန်တွေ ပေးမထားလေဘူး။

သဘာဝတရားရဲ့ တုံ့ပြန်မှုတွေက နည်းနည်းလေး ဆိုးရွားလာတဲ့အခါ....

သဘာဝတရားကြီးကိုက အကောင်းနဲ့အဆိုး ချီးမြှင့်ထားလေတော့ ညှိနှိုင်းနားလည်ခြင်းကသာ အောင်မြင်စွာနဲ့ကျော်လွှားနိုင်ပေလိမ့်မယ်။

မိုးပေါ်က တိမ်သားပမာ တလွင့်လွင့်မျောတတ်တဲ့ ဘဝတစ်ခုက အခြေအနေမပေးသေးတဲ့အခါ.....

အားလုံးသောလူသားတွေက ဘာမှမတည်မြဲကြပါဘူး၊ တိမ်စိုင်တွေပေါ်မှာ ငြိမ်းချမ်းခြင်းတွေသာ တည်ဆောက်ရအောင်။

တိမ်စိုင်တွေနဲ့တူတဲ့ ငြိမ်းချမ်းသောဘဝအခြေအနေကနေ မိုးသားအေးအေးလေးရွာသွန်းခွင့်ရမယ်ဆိုရင်.....

လှပတဲ့ မြေကမ္ဘာပေါ်မှာ စိမ်းလန်းခြင်းတွေထပ်ပြီး မွေးဖွားကြရုံပေါ့။

သာယာငြိမ်းချမ်းမှုကို မျှော်လင့်ဖန်တီးကြမယ် ဆိုတော့.............

အားလုံးက ငြိမ်းချမ်းခြင်းကိုတောင့်တကြတာပါ။ တို့ (၂) ဦးငြိမ်းချမ်းခြင်းဟာ ကမ္ဘာကြီး ငြိမ်းချမ်းခြင်းပဲပေါ့။

"Words" is Created by Ni Ni Win & "Words" is Created by Thiha Maung Maung