Thursday, April 23, 2009

အမုန်းမဲ့ဇုန်

ပြုံးပြုံးလေးတခဏအကြာ
အမုန်းလှိုင်းရဲ့အဝေးမှာ
တိုးတိုးလေးပြောလိုက်တာ
သူကချစ်သတဲ့လား... ... ...

မယုံရဲဘူး
ကြုံဖူးတာမဟုတ်တော့
စိုးမိတာကအထွေထွေပေါ့....

ဒါပေမယ့်
မြတ်နိုးကြင်နာ တွယ်တာမှုတွေက
သံသယတွေပပျောက်အောင်
အမုန်းမဲ့ဇုန်မှာ ပျော်မွေ့စေခဲ့တော့.... ....

ကဗျာနဲ့အတူတူ
အသက်နဲ့ထပ်တူပေါ့.....

Monday, April 20, 2009

သစ္စာ

မူပိုင်ပေးမလားရယ်လို့
အမူပိုပိုချွဲစရာမလို.........

ချစ်စရာစကားကို
သစ္စာစကားထည်ထည်သုံးလို့
မေးဖြစ်တော့ပြုံးမလို.....

နှုတ်ဖျားကို ဆိုတေး
သီကြွေးတော့ အတူတူမို့
ဘယ်အခါ မေ့ပါနိုင်မယ့်
အပြုံးလှိုင်လှိုင်နေ့များစွာရယ်က
မေ့မောင်ဘဝအတွင်းမှာလ
လမင်းတရာသာသလိုပ
သစ္စာတွေခိုင်ခိုင်မြဲကာ
ကဗျာဆိုချစ်တေး မဝေးတဲ့အဖြစ်အင်ကိုရယ်
တွေးမယ့် ချစ်စကား....

Wednesday, April 8, 2009

ရင်ဝှက်ပန်း

မထိတရိအပြုံး
မခို့တရို့စကားလုံး
အဟုတ်ယုံမိတော့တာ
ဒီရင်မှာသိုဝှက်ကာ
သိမ်းပိုက်မိပန်းတပွင့်ဟာ
ရင်ဝှက်ပန်း
လန်းဆန်းအမြဲသာ...........

Wednesday, March 11, 2009

အတူတူ

အမြဲမခွဲ
တတွဲတွဲနဲ့
ချစ်မယ့်သူ........

စိတ်မှာယှဉ်တွဲ
အရဲစွန့်လို့
လိုက်မယ့်သူ..........

အယုအယအညီအမျှ
လက်ယှက်တွဲလို့
ယူမယ့်သူ............

သူသူငါငါ
အမြင်မှာမအီအောင်
အပြောင်းအလဲများစွာ
ပေးတဲ့သူ....

အမုန်းနဲ့အချစ်ကို
ပျော်ရွှင်စရာအဖြစ်
ပြောင်းကာယူမယ်
အတူတူ..........

တကယ့်ဖြစ်ရပ်
ကဗျာမဆန်တောင်
အောင်မြင်စွာနဲ့
ခံစားယူ..........

အတူတူပေါ့ မခွဲပဲအမြဲ
ပါရမီဖြည့်ဖက်
အတူတူ.........

သူ့အတွက် ကိုယ်
ကိုယ့်အတွက် သူ..........

ထပ်တူညီတာအကုန်
အတူတူ........

မပြောင်းလဲတဲ့
ရင်တွင်းဖြစ်နဲ့
အပြောင်းအလဲများကို
ဖြတ်ကျော်ကြမယ်
အတူတူ............

Sunday, March 1, 2009

ချစ်ခြင်းဖြည့်တဲ့နေ့

Photobucket
အမုန်းလှိုင်းရဲ့အဝေးမှာ
ကျွမ်းလောင်နေဒီအချစ်စကားတွေနဲ့
ထူးလှတဲ့ နေ့သစ်များစွာ
ဆောင်ကြဉ်းခဲ့နှလုံးသားတွေဆီ
မနားတမ်းဖမ်းကာယူမယ့်
အောင်မြင်တဲ့ရသများစွာ
စံစားမယ် ခံစားမယ် ဒို့အတူတူရယ်.................

ဒီရက်မြတ်လေးမှကွယ်
ရှေ့တူရူမျှော်တိုင်းလန်းတဲ့
အမုန်းမဲ့ အသဲနီနီလေးတွေနဲ့အတူ
မင်းဘဝစတဲ့ဒီနေ့
ငါ့အတွက်တော့ အထူးရှယ်နေ့လေးပေါ့
ဘာကြောင့်လဲဆိုတော့
အချစ်တွေနဲ့သိမ်မွေ့ခြင်းတွေဆီဆွဲခေါ်ခဲ့တဲ့
မင်း ဖြစ်တည်လာတဲ့ဒီနေ့ကို
ကျေးဇူးတင်တယ်ချစ်သူရယ်..............

ဖေဖော်ဝါရီတစ်ဆယ့်ကိုး မှာ
ချစ်သူအနား အကြင်နာအနမ်းလေးတွေနဲ့
အပြုံးကိုဆွတ်ယူရင်း
ပေးအပ်တယ် ချစ်ပန်းချီကဒ်လေးကို
မွေးနေ့လက်ဆောင်အဖြစ်ပေါ့..............

နှင်းဆီခုနစ်ပွင့်အလယ်
တောက်ပနေတာကံကောင်းစေမယ့်
ဆယ်တိုင်သော မီးတိုင်လေးတွေရယ်
အကြင်နာသံစဉ်ကို ညှိကာယူနေတဲ့
ဒို့ချစ်ခြင်းသင်္ကေတတွေက
ဟိုတလှည့်ဒီတလှည့် ဟန်ချက်လေးညီလို့လေ...........

အသဲပေလွှာထက် နှလုံးသွေးဖြစ်စာသားတွေက
မင်းရင်ထဲထာဝရစီးစေလိုတဲ့
ဆန္ဒလေးတွေနဲ့ ဆုတောင်းပေးလိုက်မယ်
အောင်မြင်ပါစေလို့
အတူစံစား ခံစားကြမယ်
ကံကုန်မယ့်တစ်နေ့အထိပေါ့..............



၁၉ရက် ဖေဖော်ဝါရီ ၂၀၀၉ တွင်ကျရောက်ခဲ့သော မောင့်မွေးနေ့အမှတ်တရ





...