Thursday, August 27, 2009

အတူရွက်လွှင့်ခဲ့တဲ့ တစ်နှစ်ပြည့်အမှတ်တရ



အတူရွက်လွှင့်တဲ့ တစ်နှစ်ပြည့်မှာ ကိုယ်ရဲ့မောင်နဲ့အတူ ဒီသီချင်းလေးအတိုင်း ဆက်ပြီး လက်တွဲဖို့ ဆုံးဖြတ်ထားတယ်လေ.....

Tuesday, May 12, 2009

အလွဲများနဲ့ဘဝရဲ့ဆန္ဒ

ချစ်သူ
ဒို့နှစ်ယောက် ရဲ့ အချစ်တွေ
အလွဲများစွာရဲ့အောက်မှာ တည်တံ့စေသား
ချစ်သူ
ဒို့နှစ်ယောက်ရဲ့ ဘဝတွေ
အလွဲများစွာရဲ့အောက်မှာ တထပ်တည်းကျစေသား
ချစ်သူ
ဒို့နှစ်ယောက်ရဲ့ အိပ်မက်တွေ
အလွဲများစွာရဲ့အောက်မှာ ထာဝရသစ္စာရဲ့ဖန်တီးမှုအောက်
လက်တွေ့ပိုင်ဆိုင်ခွင့်ရစေသား....

Saturday, May 9, 2009

Today

Today....
We find out our mind.
Today........
We get our happiness and pure mind.
Today.......
We get love from each others.
Today......
We stand together in our live.

Thursday, April 23, 2009

အမုန်းမဲ့ဇုန်

ပြုံးပြုံးလေးတခဏအကြာ
အမုန်းလှိုင်းရဲ့အဝေးမှာ
တိုးတိုးလေးပြောလိုက်တာ
သူကချစ်သတဲ့လား... ... ...

မယုံရဲဘူး
ကြုံဖူးတာမဟုတ်တော့
စိုးမိတာကအထွေထွေပေါ့....

ဒါပေမယ့်
မြတ်နိုးကြင်နာ တွယ်တာမှုတွေက
သံသယတွေပပျောက်အောင်
အမုန်းမဲ့ဇုန်မှာ ပျော်မွေ့စေခဲ့တော့.... ....

ကဗျာနဲ့အတူတူ
အသက်နဲ့ထပ်တူပေါ့.....

Monday, April 20, 2009

သစ္စာ

မူပိုင်ပေးမလားရယ်လို့
အမူပိုပိုချွဲစရာမလို.........

ချစ်စရာစကားကို
သစ္စာစကားထည်ထည်သုံးလို့
မေးဖြစ်တော့ပြုံးမလို.....

နှုတ်ဖျားကို ဆိုတေး
သီကြွေးတော့ အတူတူမို့
ဘယ်အခါ မေ့ပါနိုင်မယ့်
အပြုံးလှိုင်လှိုင်နေ့များစွာရယ်က
မေ့မောင်ဘဝအတွင်းမှာလ
လမင်းတရာသာသလိုပ
သစ္စာတွေခိုင်ခိုင်မြဲကာ
ကဗျာဆိုချစ်တေး မဝေးတဲ့အဖြစ်အင်ကိုရယ်
တွေးမယ့် ချစ်စကား....