Tuesday, August 24, 2010
Wednesday, August 4, 2010
တွဲလက်ထဲက မင်းရဲ့လက်ဆောင်
လူသားတိုင်း အိပ်မက်ကို ရင်းနှီးကြမှာပါ.... ကျွန်မလည်း အိပ်မက်နဲ့အရမ်းရင်းနှီးသူတစ်ယောက်ပါပဲ။
ဆန်းကြယ်လှပလွန်းတဲ့ အိပ်မက်တွေနောက် တကောက်ကောက် အခါခါလိုက်မိခဲ့ပါတယ်။ အိပ်မက်ဆိုတဲ့အတိုင်းပဲ အိပ်နေတုန်းသာ ခံစားခွင့်ရတာမဟုတ်လား။ အိပ်ရာကနိုးလာတဲ့အချိန် မျက်လွှာအစုံက ပကတိ လက်ရှိ ပစ္စုပ္ပန်ကို ပြန်လည်ရောက်ရှိလက်ခံလိုက်ရတာချည်းပါပဲ။
အိပ်မက်တွေထဲက တစ်စုံတစ်ရာဆိုတာ ကျွန်မဘဝမှာ မရှိခဲ့ပါဘူး။ အိပ်မက်တွေအားလုံးကို အပျော်တွေ အလွမ်းတွေ ပူဆွေးမှုတွေနဲ့လည်း ကျွန်မက တကူးတကလည်း မခံစားခဲ့ဖူးဘူး။ လက်ရှိအနေအထားကနေ မွန်းကြပ်မှုတွေ ဖြစ်လာတဲ့အခါတိုင်း လောကကြီးရဲ့ မမြင်နိုင်တဲ့ အိပ်မက်ကမ္ဘာမှာပဲ နစ်မြောလိုက်တာပဲလေ။
တစ်ရံတစ်ခါ ငိုကြွေးနေရမှုတွေ အလိုမကျမှုတွေ စိတ်ထဲနင့်နေအောင် ဝမ်းနည်းနေရမှုတွေရဲ့ နောက်ကွယ်က ကျွန်မ မပိုင်ဆိုင်နိုင်သေးတဲ့ ဖြေသိမ့်ခွင့်တွေကို အိပ်မက်ထဲမှာဖန်တီးတတ်ခဲ့တာ။
ဒီလိုနဲ့ ဘဝရဲ့ လမ်းခုလတ်တစ်နေရာမှာ တည်ငြိမ်တဲ့ဟန် ရင့်ကျက်စွာ ဦးဆောင်နိုင်စွမ်းရှိတဲ့ လူသားတစ်ယောက်နဲ့ ကျွန်မ အိပ်မက်ထဲမှာမဟုတ်ဘဲ ပစ္စုပ္ပန်ကမ္ဘာမြေကြီးရဲ့ တစ်နေရာမှာ ဆုံစည်းခွင့်ရသွားတဲ့အခါ .... အိပ်မက်ထဲမှာ ထည့်ပြီး မတွေးဖူး မခံစားခဲ့ဖူးတဲ့ ပျော်ရွှင်ခြင်းတွေ နှစ်လိုဖွယ် နှစ်သက်ဖွယ် မေတ္တာတရားတွေ နဲ့ ကျွန်မဘဝလေး လန်းဆန်းသွားခဲ့ရတယ်။
အမြဲတမ်းတွေးငေးရင်း ကိုယ်လုပ်ချင်တာတွေကိုသာ လျှောက်လုပ်နေခဲ့တဲ့ ကျွန်မ ထိုလူသား နဲ့ ဆုံစည်းပြီးနောက်မှာ ဘဝရဲ့ ရှေ့ခရီးကို သူနဲ့အတူ ပြိုင်တူဖြတ်သန်းချင်စိတ်တွေ ကျွန်မရဲ့အိပ်မက်တွေကို ပစ္စုပ္ပန်နဲ့အနာဂတ်မှာ ထိုလူသားနဲ့အတူတူ လက်တွေ့ဘဝထဲ လက်တွေ့ပိုင်ဆိုင်ခွင့်တွေရဖို့ ကြိုးစားကြည့် ချင်ခဲ့တယ်လေ။
ဒီလိုနဲ့ ထိုလူသားရဲ့ ကမ်းတဲ့လက်ကို ကျွန်မ ဘဝတစ်ခုလုံးနဲ့ချီပြီး တွဲဆုပ်လိုက်တဲ့အခါ.....
- တစ်ရက်ထက်တစ်ရက် နူးညံ့သိမ်မွေ့ခြင်းထုံလွှမ်းတဲ့ မေတ္တာတွေနဲ့
- တစ်ချိန်ထက်တစ်ချိန် ကြင်နာအင်အားအပြည့်နဲ့ နွေးထွေးဂရုတစိုက်ရှိမှုတွေ
မရပ်မနား သစ်လွင်တဲ့နေ့စွဲလေးတွေမှာ ထိုလူသားရဲ့ အညင်သာဆုံး နားလည်စာနာမှုအပြည့်ရှိတဲ့ အပြုမူလေးတွေနဲ့သာ လှပကြည်နူးခွင့်ရလာခဲ့တယ်လေ။
ဒီနေ့ ဒီအချိန်ထိ ပြောင်းလဲမသွားတဲ့ ငြိမ်းချမ်းတဲ့ချစ်ခြင်းအသင်္ချေကို ကျွန်မ ထိုလူသားဆီက ပိုင်ဆိုင်ခွင့်ရရှိနေဆဲပဲ......
သစ္စာ ဆိုတဲ့စကားလုံးကို အနက်တွေဖော်စရာ စဉ်စားစရာ တောင့်တတွေးတောနေစရာ မလိုလောက် အောင်လည်း ထိုသူနဲ့ကျွန်မ တိုက်ဆိုင်တဲ့ အခြေနေများစွာအောက်မှာ တစ်ထပ်တည်းကျတဲ့သစ္စာတရား တွေနဲ့ ဘဝလမ်းကို တည်ကြည်စွာဖြတ်သန်းလျက်ပါပဲ....
လာမယ့် ဒီလ ၂၄ရက်နေ့မှာ ထိုသူနဲ့ကျွန်မ တွဲထားတဲ့လက်လေး နှစ်နှစ်တင်းတင်းပြည့်တော့မယ်လေ။
အဲဒီနေ့ရက်လေးကနေ နောင် နှစ်ပေါင်းများစွာ ငြိမ်းချမ်းတဲ့ သူ့ရဲ့ချစ်ခြင်းတွေနဲ့ ထိုလူသားက ကျွန်မကို လန်းဆန်းအောင် စွမ်းဆောင်ပေးနေအုံးမှာပါပဲ။ အဲဒါ ထိုလူသားရဲ့ ကျွန်မအတွက် ထာဝရလက်ဆောင်ပဲဖြစ်နေပါလိမ့်မယ်။
Sunday, July 18, 2010
Monday, April 5, 2010
အနန္တအချစ်

အချစ်...
အဝေးတနေရာကိုကြည့်လိုက်
ဒို့လက်ညှိုးရဲ့ထိပ်တည့်တည့်မှာ
နေမင်းလေးရောက်နေပြီ...
အချစ်...
အနီးဆုံးကိုကြည့်လိုက်
ဒို့ရင်ဘတ်တည့်တည့်မှာ
လမင်းလေးရောက်နေပြီ...
အချစ်...
မိုးကုတ်စက်ဝိုင်းကိုကြည့်လိုက်
ဒို့နှစ်ယောက်တွဲလက်တစ်စုံမှာ
ခိုင်မြဲတဲ့အင်အားရှိနေပြီ...
အချစ်...
အနန္တ အသေင်္ချေချစ်ခြင်းတွေ
မင်းနဲ့ဒို့ ရင်ခုန်သံမရပ်သရွေ့
အပြန်အလှန်ပိုင်ဆိုင်ရင်း
မျှဝေရင်းပေါ့
ခံစားမယ် အတူတူ
ပျော်ရွှင်ခြင်းတွေ
ရိုးရှင်းစွာရယူရင်း
မိုးကုတ်စက်ဝိုင်းအဆုံးထိ
တွဲလက်တွေတင်းတင်းဆုပ်
အဟုတ်အတူ သွားကြစို့....
အဝေးတနေရာကိုကြည့်လိုက်
ဒို့လက်ညှိုးရဲ့ထိပ်တည့်တည့်မှာ
နေမင်းလေးရောက်နေပြီ...
အချစ်...
အနီးဆုံးကိုကြည့်လိုက်
ဒို့ရင်ဘတ်တည့်တည့်မှာ
လမင်းလေးရောက်နေပြီ...
အချစ်...
မိုးကုတ်စက်ဝိုင်းကိုကြည့်လိုက်
ဒို့နှစ်ယောက်တွဲလက်တစ်စုံမှာ
ခိုင်မြဲတဲ့အင်အားရှိနေပြီ...
အချစ်...
အနန္တ အသေင်္ချေချစ်ခြင်းတွေ
မင်းနဲ့ဒို့ ရင်ခုန်သံမရပ်သရွေ့
အပြန်အလှန်ပိုင်ဆိုင်ရင်း
မျှဝေရင်းပေါ့
ခံစားမယ် အတူတူ
ပျော်ရွှင်ခြင်းတွေ
ရိုးရှင်းစွာရယူရင်း
မိုးကုတ်စက်ဝိုင်းအဆုံးထိ
တွဲလက်တွေတင်းတင်းဆုပ်
အဟုတ်အတူ သွားကြစို့....
Sunday, March 21, 2010
သံစဉ်နဲ့အချစ်

မှောင်ရီပျိုးစ
ညခင်းလေးနဲ့အတူ
လေညှင်းကိုဆော့ကစား
အတူပြိုင် ချစ်ခြင်းလှယ်ရင်း
ဆိုင်းဝိုင်းသံမြိုင်မြိုင်အောက်
စီးမျောရင်း အတွေးနယ်ချဲ့တော့
နူးညံ့ညင်သာမှုအပြည့်နဲ့
အက္ခရာလှလှတွေကို
သံစဉ်နဲ့တန်ဆာဆင်ရင်း
သူ့ရယ်သံခပ်သဲ့သဲ့မှာ
ကိုယ် ဝပ်ဆင်းသွား....
ဟန်မပါ အနှစ်ကဗျာတွေက
ဘဝလမ်းကို တံတားခင်း
ချစ်ခြင်းကို ကျောပိုး
အသည်းနှလုံးကို ထွေးပိုက်
အယုအယ မြစ်နဒီကြောမှာ
အကြင်နာကို ရွက်လွှင့်
သစ္စာလှေထဲ
နှစ်ယောက်သား မြတ်နိုးမှုကို အားပြု
အိပ်မက်ကမ်းခြေဆီ
မှန်းဆ ရော်ရမ်းရင်း
အခုတော့
ဆိုင်းသံဗုံသံကြားက
ရုန်းထလာခဲ့ပြီ....
ညခင်းလေးနဲ့အတူ
လေညှင်းကိုဆော့ကစား
အတူပြိုင် ချစ်ခြင်းလှယ်ရင်း
ဆိုင်းဝိုင်းသံမြိုင်မြိုင်အောက်
စီးမျောရင်း အတွေးနယ်ချဲ့တော့
နူးညံ့ညင်သာမှုအပြည့်နဲ့
အက္ခရာလှလှတွေကို
သံစဉ်နဲ့တန်ဆာဆင်ရင်း
သူ့ရယ်သံခပ်သဲ့သဲ့မှာ
ကိုယ် ဝပ်ဆင်းသွား....
ဟန်မပါ အနှစ်ကဗျာတွေက
ဘဝလမ်းကို တံတားခင်း
ချစ်ခြင်းကို ကျောပိုး
အသည်းနှလုံးကို ထွေးပိုက်
အယုအယ မြစ်နဒီကြောမှာ
အကြင်နာကို ရွက်လွှင့်
သစ္စာလှေထဲ
နှစ်ယောက်သား မြတ်နိုးမှုကို အားပြု
အိပ်မက်ကမ်းခြေဆီ
မှန်းဆ ရော်ရမ်းရင်း
အခုတော့
ဆိုင်းသံဗုံသံကြားက
ရုန်းထလာခဲ့ပြီ....
Subscribe to:
Posts (Atom)


