Sunday, March 1, 2009

ချစ်ခြင်းဖြည့်တဲ့နေ့

Photobucket
အမုန်းလှိုင်းရဲ့အဝေးမှာ
ကျွမ်းလောင်နေဒီအချစ်စကားတွေနဲ့
ထူးလှတဲ့ နေ့သစ်များစွာ
ဆောင်ကြဉ်းခဲ့နှလုံးသားတွေဆီ
မနားတမ်းဖမ်းကာယူမယ့်
အောင်မြင်တဲ့ရသများစွာ
စံစားမယ် ခံစားမယ် ဒို့အတူတူရယ်.................

ဒီရက်မြတ်လေးမှကွယ်
ရှေ့တူရူမျှော်တိုင်းလန်းတဲ့
အမုန်းမဲ့ အသဲနီနီလေးတွေနဲ့အတူ
မင်းဘဝစတဲ့ဒီနေ့
ငါ့အတွက်တော့ အထူးရှယ်နေ့လေးပေါ့
ဘာကြောင့်လဲဆိုတော့
အချစ်တွေနဲ့သိမ်မွေ့ခြင်းတွေဆီဆွဲခေါ်ခဲ့တဲ့
မင်း ဖြစ်တည်လာတဲ့ဒီနေ့ကို
ကျေးဇူးတင်တယ်ချစ်သူရယ်..............

ဖေဖော်ဝါရီတစ်ဆယ့်ကိုး မှာ
ချစ်သူအနား အကြင်နာအနမ်းလေးတွေနဲ့
အပြုံးကိုဆွတ်ယူရင်း
ပေးအပ်တယ် ချစ်ပန်းချီကဒ်လေးကို
မွေးနေ့လက်ဆောင်အဖြစ်ပေါ့..............

နှင်းဆီခုနစ်ပွင့်အလယ်
တောက်ပနေတာကံကောင်းစေမယ့်
ဆယ်တိုင်သော မီးတိုင်လေးတွေရယ်
အကြင်နာသံစဉ်ကို ညှိကာယူနေတဲ့
ဒို့ချစ်ခြင်းသင်္ကေတတွေက
ဟိုတလှည့်ဒီတလှည့် ဟန်ချက်လေးညီလို့လေ...........

အသဲပေလွှာထက် နှလုံးသွေးဖြစ်စာသားတွေက
မင်းရင်ထဲထာဝရစီးစေလိုတဲ့
ဆန္ဒလေးတွေနဲ့ ဆုတောင်းပေးလိုက်မယ်
အောင်မြင်ပါစေလို့
အတူစံစား ခံစားကြမယ်
ကံကုန်မယ့်တစ်နေ့အထိပေါ့..............



၁၉ရက် ဖေဖော်ဝါရီ ၂၀၀၉ တွင်ကျရောက်ခဲ့သော မောင့်မွေးနေ့အမှတ်တရ





...

Thursday, February 26, 2009

သစ်ပင်ကိုရေလောင်းကြသူများ

နေ့သစ်ကို
ရစ်ပတ်ဖွဲ့နှောင်ထားတာက
ချစ်ခြင်းအလင်းရောင်တွေနဲ့..........

အကြင်နာချစ်စကားတွေကို
လေညှင်းလေးက
တယုတယသယ်ဆောင်လို့.........

အမုန်းတွေစင်နေတဲ့
ကောင်းကင်ပြာပြာကလဲ
အချစ်အလင်းရောင်တွေအောက်တောက်ပလို့
ချစ်သူကကိုယ့်ကိုကြည့်တဲ့
မျက်ဝန်းလိုရွှန်းစိုစိုပေါ့..........

ညင်သာတဲ့တေးသွားကို
ခံစားဖွဲ့သီဖြစ်ကြတာ
ချစ်သူနှစ်ဦးရဲ့ရင်ခုန်သံ
ထပ်တူကျတဲ့ခံစားချက်လေးများစွာနဲ့..........

ငြိမ့်ညောင်းတဲ့ သံစဉ်တွေအားလုံး
ဗြုန်းဆိုပျောက်ကွယ်သွားပြန်တော့
တလောကလုံးမကြားနိုင်တဲ့
အိပ်မက်ဖန်လုံအိမ်ကလေးထဲ
သစ်ပင်စိမ်းစိမ်းလေးတစ်ပင်ကို
ရင်ခွင်ကြားမှာချစ်ရေစင်လောင်းလို့.........

သူတို့ကြည်နူးနေတော့တဒင်္ဂအတွင်း
ဝေ့ဝိုက်ကြည့်လိုက်ကြမိတော့
ဘေးပတ်လည်မှာ
အစိမ်းရောင်သစ်တောလေးကိုတွေ့လိုက်ကြတာ..............



Tuesday, February 24, 2009

အလွမ်းကဗျာ

အနမ်းလေးပေးပြီး
တယုတယအကြည့်လေးနဲ့
ကျောပေးထွက်ခွာခိုက်မှာ
ဆို့နစ်စွာကျန်ရစ်ခဲ့စဉ်..............

ဘဝအတွက်ဆိုတဲ့အသိနဲ့
အပြုံးလေးနဲ့ငေးရင်း
အမောပြေသံစဉ်နားဆင်တော့
မွန်းကြပ်စွာလွမ်းမောမိတယ်.........

တဖဝါးမှမခွာချင်ဘူး
အမြဲတမ်းလဲမလွမ်းနိုင်လို့
အနားမှာနေပေးပါဆို
လွန်မယ်ထင်အတွေးနဲ့
တိတ်တိတ်လေးလွမ်းနေတယ်.........


Thursday, February 19, 2009

Happy Birthday for Maung!!!


Photobucket


ပျော်ရွှင်စရာနေ့သစ်
မနက်ခင်းလေးလတ်ဆတ်
ကြည်နူးခြင်းမိဆက်
ယုယတဲ့အကြင်နာများစွာနဲ့သာ................

အမှတ်တရနေ့စွဲလေးဒီနေ့
ပုံရိပ်အမှန် ဖေဖော်ဝါရီ တစ်ဆယ့်ကိုးပေါ့
ဆယ်စုနှစ်တွေထဲ ပျော်ဝင်ခဲ့လူသားစင်စစ်လေး
ဖြစ်တည်မှုများစွာက
အာဒံ မဟုတ်လေသူ
ဧဝမဟုတ်သူရဲ့ချစ်သူ...............မောင်။

အနီရောင်ပန်းသီးလေးတစ်လုံး
ကိုက်ယူခဲ့ အသည်းနီနီပုံရိပ်လေးပမာ
ခပ်ပြာပြာ အချစ်များစွာကို
ငြိမ်းချမ်းစွာပေးဆက်မယ်လို့
ကယုကယင်ကြင်နာဆင်ယင်ကာနဲ့
လက်တွဲခဲ့ချစ်သူလက်ရယ်..............

နှင်းဆီနီခုနစ်ပွင့် အလယ်မှာ
အထိမ်းအမှတ် ကံကောင်းစေ
ဖယောင်းတိုင်တွေ ထွန်းလို့
မငြိမ်းမယ့် ဒီအလင်းရောင်
ယူဆောင်သွား အဆုံးမဲ့အချစ်များနဲ့
ထပ်တူကျတဲ့ကံကုန်မယ့် တနေ့အထိပေါ့...............

ခံစားမယ် စံစားမယ် အတူတူ
မခွဲဘူး ချစ်သူ
ဒီနေ့ မွေးနေ့လေးမှသည်
နောင်နှစ်ပေါင်းများစွာတိုင်
မယိုင်မလဲ ခိုင်မြဲတဲ့ ဒီအချစ်မီး
ကံကောင်းစေ ဒို့ အနာဂတ်ကို
ဆုတောင်းပေးမယ် အတူတူမျှဝေလို့..................

မင်းလူသားဘဝရောက်တဲ့နေ့
ဒို့ချစ်သူအဖြစ် ထာဝရဖြစ်တည်ပေးဖို့
အထူးတလည်ဆုံစည်းစေတယ်
ဒီနေ့ရက်မြတ်လေးက
ဒို့ရဲ့ အထူးနေ့လေးပေါ့...............

ပျော်ရွှ့င်ပါစေချစ်သူ
အောင်မြင်ခြင်းပုံရိပ်တွေအလည်
ဒို့နှစ်ယောက်တည်တံ့နေမယ့်
အစဉ်လာမပျက်သစ္စာတည်တဲ့
ချစ်ခြင်းတွေနဲဖန်တီးလိုက်တဲ့
ချစ်ခြင်းဖြည့် ပန်းချီကဒ်လေးက
ချစ်ရသူ အချစ်ဆုံးမောင့်အတွက်
မွေးနေ့လက်ဆောင်မွန်ပေါ့........................


(၁၉-၂-၂၀၀၉) တွင်ကျရောက်တဲ့မောင့်မွေးနေ့ အမှတ်တရလက်ဆောင်။






Monday, February 16, 2009

ကံကောင်းမယ့်နေ့သစ်များ


အမှတ်တရပေါ့

ချစ်သူသာအနားထား

အပြုံးမပါ ဗလာကျင်းတဲ့အခင်းအကျင်းတခုသာ

ကျင်းပခဲ့ငါတို့အတွက်

တောက်ပမယ့်မနက်ဖြန်တွေ

ခပ်ဝေးဝေးကကြယ်စင်လို

ခပ်တောက်တောက်၉၉၉ခုပေါ့...............

ကိတ်မုန့်ချောကလက်ရဲ့အဝေး

နှင်းဆီပန်းလေးမပါ ဟာတာတာတော့မဟုတ်ဘူး

ငါတို့နှစ်ယောက်အချစ်များနဲ့

ကခုန်ခဲ့ပေါ့ ကြယ်လေးတွေအပေါ်

စိတ်မှန်းနဲ့ရူးကြရတာ

သိပ်အရသာရှိသတဲ့...................

မီးမှိန်မှိန်အခန်းကျဉ်းလေးထဲ

နှစ်ပေကျော်အခင်းလေးမှာ

ပူးကပ်ကပ်အနမ်းများနဲ့

သေချာနေခဲ့တာ

ကံကောင်းမယ့်ငါတို့ရဲ့မနက်ဖြန်ပေါ့..........

ကဗျာဆန်ခြင်းတွေက

လက်တွေ့ကျကျဘဝထဲ သိမ်းသွင်းခဲ့ဒို့အချစ်များနဲ့

နှင်းဆီမပါ ချောကလက်မပါတဲ့

အခန်းဒေါင့်နံရံထက်ဆီက

ငါတို့နှစ်ယောက်ရဲ့ချစ်ခြင်းကာရံ

စည်းချက်ကျတဲ့ အလှ

သရုပ်ဖော်ထားတာကအချစ်ကို

သစ္စာနဲ့ရေးဆွဲ အနမ်းများနဲ့အရောင်ခြယ်ထားတယ်

ဘဝပန်းချီလေးပေါ့..............