Monday, February 16, 2009

ကံကောင်းမယ့်နေ့သစ်များ


အမှတ်တရပေါ့

ချစ်သူသာအနားထား

အပြုံးမပါ ဗလာကျင်းတဲ့အခင်းအကျင်းတခုသာ

ကျင်းပခဲ့ငါတို့အတွက်

တောက်ပမယ့်မနက်ဖြန်တွေ

ခပ်ဝေးဝေးကကြယ်စင်လို

ခပ်တောက်တောက်၉၉၉ခုပေါ့...............

ကိတ်မုန့်ချောကလက်ရဲ့အဝေး

နှင်းဆီပန်းလေးမပါ ဟာတာတာတော့မဟုတ်ဘူး

ငါတို့နှစ်ယောက်အချစ်များနဲ့

ကခုန်ခဲ့ပေါ့ ကြယ်လေးတွေအပေါ်

စိတ်မှန်းနဲ့ရူးကြရတာ

သိပ်အရသာရှိသတဲ့...................

မီးမှိန်မှိန်အခန်းကျဉ်းလေးထဲ

နှစ်ပေကျော်အခင်းလေးမှာ

ပူးကပ်ကပ်အနမ်းများနဲ့

သေချာနေခဲ့တာ

ကံကောင်းမယ့်ငါတို့ရဲ့မနက်ဖြန်ပေါ့..........

ကဗျာဆန်ခြင်းတွေက

လက်တွေ့ကျကျဘဝထဲ သိမ်းသွင်းခဲ့ဒို့အချစ်များနဲ့

နှင်းဆီမပါ ချောကလက်မပါတဲ့

အခန်းဒေါင့်နံရံထက်ဆီက

ငါတို့နှစ်ယောက်ရဲ့ချစ်ခြင်းကာရံ

စည်းချက်ကျတဲ့ အလှ

သရုပ်ဖော်ထားတာကအချစ်ကို

သစ္စာနဲ့ရေးဆွဲ အနမ်းများနဲ့အရောင်ခြယ်ထားတယ်

ဘဝပန်းချီလေးပေါ့..............




2 comments:

Anonymous said...

ကံကောင်းခြင်း တစ်နေ့တာလေးကို မြင်ယောင် ခံစားသွားတယ်။ ကဗျာလေးက နှစ်သက်ဖွယ်ကောင်း၏။ ဆက်လက် ရေးသားနိုင်ပါစေ။

Unknown said...

good...! But....! Sad... :(