Thursday, February 12, 2009

ချစ်မိတဲ့အခါ

စက္ကန့်မလပ် ပုံရိပ်အားလုံးမှာ

စိုးမိုးသူအပေါ် အခါမလပ်ခံစားရင်း...............

အမြင်ဝေဝါး လွင့်ပါးမိစိတ်အစဉ်

လွှမ်းမိုးသွား သူ့စကားကို အခါမလပ်ခံစားရင်း..................

ကဗျာအားလုံး ထွက်သက်ဝင်သက်မီတည်ရာ

ရင်ခွင်အားထား သူ့အပါးမှာ ယုယမှုအခါမလပ်ခံစားရင်း...................

ရိုးသားမှုကိုဗဟိုပြုတဲ့ သူ့အချစ်လွင့်ပါးမှာ

ကြောင့်ကြမှုကင်းတဲ့အလား မျက်လွှာအသာချ ရင်မှာသာမကတဲ့ ချစ်ခြင်းဖွဲ့စကားအားလုံး

မူပိုင်ပေး အမူပိုတဲ့ အတ္တတွေများစွာ သူ့အား အခါမလပ်စေစားရင်း...............

ခိုင်မာတဲ့တွဲလက်တစုံဟာ သူနဲ့ကိုယ့်အကြား

ထာဝစဉ် မခွဲ အသွားအပြန်ရှိတဲ့ မေတ္တာလမ်းကို အခါမလပ်လျှောက်သွားရင်း..............

ဖြစ်တည်မှုစကားလုံးများစွာ ရင်တွင်းဖြစ်ရသတွေနဲ့

တီးတိုးတွတ်တာ ခွန်းတုံ့လှယ်ရင်း..............

ဘဝရောင်စဉ်ကို ကြံ့ကြံ့ခံရင်း............

ဖြစ်နိုင်မယ့်အိပ်မက်များစွာကို ပိုင်ဆိုင်အောင်လုံးပန်းရင်း.................

ချစ်သူစေရာ နာခံရင်းပေါ့...............



No comments: