Tuesday, February 3, 2009

ကံကောင်းကြယ်

တလက်လက်တောက်တဲ့မျက်ဝန်း
မင်းပေးတဲ့တစုံတရာနဲ့
ငါစွဲလန်းခဲ့တယ်..................

ရွှန်းစိုတဲ့မျက်ဝန်း
မင်းငေးတဲ့အခိုက်အတန့်လေးနဲ့
ငါတွေဝေခဲ့တယ်................

ခပ်တောက်တောက်ကံကြမ္မာနဲ့
ဖြတ်သန်းစေမင်းရှေ့ခရီးကို
ဖန်ဆင်းမယ် ကြယ်ပြာလေးတွေ
ငါ့လက်ဖြစ် အခုကိုးရာကိုးဆယ့်ကိုးပေါ့........

ဖဲကြိုးပြာချည်ကာပေးမယ်
ချစ်သူများနေ့လက်ဆောင်အဖြစ်
မင်းနဲ့ငါရဲ့တောင်းဆုများစွာ
ပြည့်စေဖို့ဆုတောင်း
ကံကောင်းကြယ်တွေ
ဟိုတစုဒီတစု
ပိုင်ဆိုင်စေ ချစ်သူမင်းကို
ထာဝရပျော်ရွှင်စေသား.......................



No comments: