Friday, July 8, 2011

အပြင်


မိုးပြာပြာ ကန္တာရထဲ
ပင်လယ်ဖျံတကောင်
ငါးရှာနေတယ်....

ငွေစန္ဒာ ငပုပ်ဖမ်းတော့
နက်နက်နဲနဲ အမှောင်က
တလောကလုံးမှာ တောက်ပလာ....

ရင်မှာနန္ထိ
ဗလာအတိပြီးတဲ့ ရွှေအိုရောင်
ပလက်တီနမ်အိပ်မက်တွေလည်း

စိန်စီထားတဲ့ ရတီကိုက်
အိပ်ဖန်ဆောင်မှာ
နေ့ကဗျာကို
အတ္တခံစား ကလောင်လေးတလက်နဲ့
အရောင်အသွေးက မဖက်တဖက်....

သူသူ ငါငါ
နွေးထွေးနေတဲ့ အာယုတွေတိုင်းဆီမှာ
အနန္တတွေ အမှောင်ဖုံး
အမှားပါတဲ့
တဏှာတွေနဲ့
ခပ်ယှက်ယှက် ပြုံးလိုက်တော့
သိက္ခာဆိုတာ
ဟိုး စင်္ကြာဝဠာရဲ့ အဝေးမှာ
အလင်းနှစ် သန်းတစ်ရာတိုင်း
အနမ်းကမ္ဘာတွေ
ဆင့်ကာဆင့်ကာဖြစ်မယ်ဆိုရင်
နင်နဲ့ငါဟာ
အဲဒီကမ္ဘာရဲ့အပြင်....


Sunday, May 8, 2011

အဝေးဆုံးက နွေးထွေးတဲ့လက်အစုံအတွက်


မိုးမြင့်ကောင်းကင်ထက်ဆီက
တိမ်တိုက်တွေကိုကြည့်ရင်း
ငါ တစုံတရာ တွေးဖူးခဲ့တယ်...
ငါ့ကို သိုင်းဖက်ထားတဲ့ ရင်ခွင်တစုံကိုလည်း
မော်ကြည့်ရင်း
မိုးပေါ်က တစုံတရာကို အရယူပေးဖို့
တောင်းဆိုခဲ့ဖူးသေးတယ်...
မြေပြင်ထက်က
ခလုတ်ကသင်းတွေကို နင်းဖြတ်မိတိုင်းလည်း
ငါ့ဘေးမှာ အမြဲလိုလို အဖော်ပြုပေးနေတတ်တဲ့
လက်တစုံကို အားကိုးတကြီး
ဆုပ်ကိုင်ခဲ့ဖူးတယ်...
ဒီလိုဒီလိုနဲ့
ငါအရွယ်ရောက် ကိုယ်လမ်းကိုယ်လျှောက်တော့
ငါ့ဘဝအတွက် အလိုအပ်ဆုံးဆိုတဲ့အရာကို
ငါဆုံစည်းခွင့်ရခဲ့လေတော့
ငါ့ဘေးက မျက်ဝန်းတစုံကို
အားကိုးတကြီး ဖွင့်ဟတိုင်ပင်ခဲ့ဖူးတယ်...
မျက်ရည်တွေကြားက
ခွင့်ပြုတယ်ဆိုတဲ့ အသံတိတ်စကားတခွန်း
တင်းတင်းစေ့ထားတဲ့
နှုတ်ခမ်းတစုံကြားက
ထွက်ကျလာခဲ့တယ်လို့
ငါ့စိတ်ထဲ အလိုလိုသိခွင့်ရခဲ့ဖူးတယ်...
အဲဒီနောက်..
အဲဒီနောက်မှာ..
ငါဟာ သန်စွမ်းတဲ့ ရွှန်းလဲ့ဖော်ရွေတဲ့
ခိုင်မြဲတဲ့လက်တစုံကို ပြောင်းလဲ ဆုပ်ကိုင်ခဲ့တော့တယ်...
အခုချိန်ထိ...
ခုချိန်ထိပေါ့...
ငါဟာ အဲဒီလက်အစုံရဲ့ နွေးထွေးမှုတွေနဲ့အတူ
တချိန်က အချိန်တိုင်း ဆုပ်ကိုင်ခဲ့ဖူးတဲ့
နူးညံ့တဲ့လက်အစုံရဲ့အဝေးမှာ
မြတ်နိုးမှုထပ်တူကျတဲ့
ငါ့ရဲ့ အသွေးသားထပ်တူကျခဲ့တဲ့ လက်အစုံလို
နွေးထွေးမှုတွေပေးတတ်တဲ့ ဒီလက်အစုံကို
ကြည်နူးစွာတွဲဆုပ်ရင်း
ကျန်ရှိတဲ့ဘဝခရီးလမ်းကို ဟန်ပါပါဖြတ်သန်းနေခဲ့တယ်....
အဝေးက လက်အစုံကတော့
ငါ့အတွက်
ဘုရားမှာ တစုံတရာတောင်းဆုခြွေနေလေရဲ့...
ဒါပေမယ့် သူ့မျက်ဝန်းမှာတော့
မျက်ရည်စတချို့ ရစ်သီနေမယ်ဆိုတာ
ငါ အလိုလို ခံစားနေရတယ်....
ဘာကြောင့်လဲဆိုတော့
သူနဲ့ငါဟာ
နီးနီးလေးပါ....

(အမေနေ့အမှတ်တရ)

Monday, February 14, 2011

Our Happy Valentines' Day 2011


ကျွန်မရဲ့ မောင့်အတွက် ချစ်သူများနေ့ လက်ဆောင်





မောင်ဖန်တီးပေးတဲ့ ကျွန်မအတွက် ချစ်သူများနေ့ရဲ့ လက်ဆောင်