Monday, September 1, 2008

နံနက်ခင်းရဲ့အပြာရောင်

ဘဝမှာ
ချစ်ခြင်းမေတ္တာတရားက အရေးကြီးပါတယ်။
အိပ်ရာနိုးစအတွေးသစ်တွေနဲ့
လတ်ဆတ်ပျိုမြစ်နေတဲ့
သဘာဝတရားကြီးရဲ့ ရင်ကိုလှုပ်နှိုးလိုက်တယ်

သောက်ပြီးတဲ့ကော်ဖီတစ်ခွက်ပေါ်မှာ
ညကအိပ်မက်ဆိုးရုပ်ကြွင်းတွေ ချန်ထားရစ်ခဲ့တယ်

ကျွန်တော်က ကဗျာတွေကိုချစ်တယ်
ကျွန်တော့်ချစ်သူကလည်း ကဗျာတွေကိုချစ်တယ်

ကျွန်တော်ရော
ကျွန်တော့်ချစ်သူရော
လွတ်လပ်မှုရဲ့ အပြာရောင်တွေကို ချစ်တယ်

ကျွန်တော်ရော
ကျွန်တော့်ချစ်သူရော
ရဲရင့်တဲ့ အနီရောင်ပန်းသီးတွေကို ချစ်တယ်

ကန်ရေပြင်ကို တိုက်ခတ်လာတဲ့
လေနုအေးရဲ့ အလျင်လောက်နဲ့
ကျွန်တော်တို့ နှစ်ဦးရဲ့ အနမ်းတွေဝေဆာခဲ့ပုံ

အဲဒီအချိန်က
ကမ္ဘာကြီးဟာလည်း
ငြိမ်းချမ်းလို့
စစ်မက်တွေကင်းလို့
ကောင်းကင်ကလည်း
ကြည်စင်ပြာလွင်လို့
ဂျွန်လင်နွန်ရဲ့
အချစ်သစ်ပင်ကလည်း
မနက်ခင်းရဲ့ အေးမြခြင်းထဲမှာ
အဓိပ္ပါယ်ပြည့် မျှော်လင့်ခြင်းတွေနဲ့
ခက်လက်ဝေဆာ စိမ်းမြနေလို့လေ...။

No comments: