Thursday, September 11, 2008

အခါမဲ့ လွှမ်းမိုးခြင်း

ရာသီစက်ဝန်း
နာရီစက်သံ
နေ့ ည မမြဲ
မတည်သောပြောင်းလဲခြင်းနောက်
တကောက်ကောက်မလိုက်သော ဥာဉ်.....။

ဆန့်ကျင်ရာ လမ်း
မဖြေသာ ပြေရာပြောမှ
မကြင်နာ မညှာတာတဲ့
ခင်တွယ်ရာ တည်ငြိမ်ခြင်းလေးက
မမှောင့်တောင် မပျောက်ဖို့ လိုမယ့် အစဉ်.....။

ပန်းနဲ့ဝတ်ရည်
ရေကန်နဲ့ကြာ
တွဲမြဲ မခွဲအစဉ်မို့
မိုး နွေ ဆောင်း ပြောင်းစေ
ထာဝရ ရင်မှာ ရာဇပုလ္လင်အရိုက်အရာ က ကိုယ့်ဘဝပိုင်ရှင်.......။

.

No comments: