Tuesday, September 2, 2008

စိတ်စေရာ


အမည်နာမဝိသေသတစ်ခု နဲ့ အတူ
လောကဟင်းလင်းပြင်ကြီးထဲမှာ တွယ်ရာမဲ့မဖြစ်စေချင်တဲ့ ဆန္ဒတစ်စုံက
မျှော်လင့်ခြင်းများစွာ တည်ဆောက်မိတဲ့အထိ
အင်အားဖြစ်စေခဲ့တယ်....။

မြူခိုးတိမ်ပမာ ဖုံးကွယ်ထားတာ အတ္တတစ်ခုသာ ဖြစ်ပေမယ့်
နူးညံ့ညင်သာတဲ့ ဝေဒနာခံစားချက်လေးကို ဆုပ်ကိုင်မိလိုက်ချိန်အတွင်း
တိုးတိတ်ငြိမ်သက်လှစွာသော ချစ်ခြင်းတရားကို လက်ခံစုံမက်မိတဲ့အထိ
သိမ်မွေ့ခံစားစေခဲ့တယ်...။



...

No comments: