Monday, September 1, 2008

အရုဏ်ဦး အလင်းသစ်အစ

မျှော်လင့်မိတဲ့
လင်းရောင်ခြည်အစမှာ
ငေးမောတဲ့မျက်ဝန်းအစုံက
ဟိုးအဝေးဆီမှာ
ရင်းနှီးမှုတစုံတရာနဲ့ပေါ့

အကြင်နာစကား
သံစဉ်တိတ်ကြားလည်း
နားမစွင့်လည်း ကြားနေမိရဲ့လေ

ရောင်နီပျို့လေမလားရယ်လို့
တွေဝေနေမယ်ဆိုတာ
ကိုယ်ခံစားလိုက်ရတဲ့အခါ
ရင်မှာက
နားလည်မှုတပွေ့တပိုက်ရယ်နဲ့ပေါ့

ကဗျာတွေအားလုံး
သံစဉ်တွေအားလုံးရဲ့
နောက်ကွယ်က
မပြောင်းလဲတဲ့ ချစ်ခြင်းတရားကို
ဖန်တီးမှုမရှိ သဘာဝလက်ဆောင်အဖြစ်
ကိုယ်ဖြည့်ဆည်းပေးမိနေတယ်

အံ့သြကြလေမလားရယ်လို့
မတွေးမိဘူး
နူးညံ့တဲ့ခံစားချက်တွေနဲ့အတူ
ထာဝရဖြစ်တည်နေမယ့်
ကိုယ့်ရဲ့ ချစ်ခြင်းမေတ္တာတရားတွေအားလုံး
အရုဏ်သစ်စ နေ့ခင်းလင်းရောင်ခြည်လို
သန့်ရှင်းတည်မြဲနေမယ် ...။

No comments: