Thursday, September 4, 2008

တည်တံ့တဲ့တံတိုင်း

မော့်ကြည့်လိုက်တဲ့အချိန်တိုင်း
ကိုယ့်မြင်ကွင်းဟင်းလင်းပြင်မှာ
စိုးရိမ်တကြီး နူးညံ့တဲ့အကြင်နာများစွာနဲ့
အုံ့မိုးပေးနေတဲ့ သူ............။

ခံစားရချက်များစွာတို့အောက်
ရင်နင့်နာကျင်စွာ ငုံ့စိုက်လိုက်တဲ့အခါတိုင်း
ကိုယ့်ဘေးနံပါး ကပ်မှီစေရာ
နွေးထွေးမှုအပြည့် ချမ်းမြေ့ဖွယ်အယုအယတွေနဲ့
ပွေ့ပိုက်ဖက်တွယ်ခွင့်ပေးနေတဲ့ သူ..............။

ပေါက်ကွဲမိတဲ့ အခါခပ်သိမ်းတို့နောက်
ပူလောင်လွန်းလှသော ရတက်မီးတို့ရဲ့စေစားရာနောက်
တုန်ရီဝေဝါး ညည်းတွားမိတဲ့အခါတိုင်း
လေးနက်တဲ့ခွန်အားများကို ပြယုဂ်တစ်ခုအနေနဲ့
ခိုင်မြဲစွာဆုပ်ကိုင်ထားတဲ့ လက်နှစ်ဘက်ကို
ပိုင်ဆိုင်ခွင့်ပေးထားတဲ့ သူ............။

ူဥတုရာသီပြောင်းလဲခြင်းနောက်
ကံရာသီစက်ဝိုင်းပြောင်းလဲခြင်းနောက်
လောကဓံပြောင်းလဲခြင်းနောက်
မပြောင်းမလဲတည်တံ့တဲ့ ကိုယ့်အတွက် တံတိုင်း
ဝမ်းသာကြည်နူး ဂုဏ်ယူမိစေတဲ့ သူ...........။


...

No comments: