Tuesday, January 6, 2009

ရည်ရွယ်ရာ

အငွေ့မဲ့ကော်ဖီ
ပါမုန့်ထူထူနဲ့တော့
မင်းအပါး မခစားနိုင်ဘူး..........

ဒီအတွက်ပုလဲခမယ့်
စေစားရာကို
တမ်းတနမ်းရှိုက်မှာ မဟုတ်ဘူး.........

နေရောင် တောက်တောက်လို
အချစ်လင်းအား ပြင်းနေလို့
အေးစက်စက် ကာလမှာ
ရေခဲဒေသ မင်းနယ်ပယ်ထဲ
အမြဲခစားကာ
ခပ်ပုပ်ပုပ် ပန်းသီးကို
တုန်ယင်တဲ့ ခွန်အားလေးနဲ့တော့
ထာဝရ အာဟာရဖြည့်နေမယ်.............
.
မစာနာနဲ့ငါ့ကို
ထပ်တူညီဖို့ မမြင်တဲ့
ဒီညီမျှခြင်းတွေရဲ့အဝေးမှာ
ငါမနေနိုင်ဘူး................

အိပ်မက်တွေ ဆက်မက်ဘို့
အနီးစပ်ဆုံး သင်္ကေတတခုကိုသာ
အာသာပြင်းပြင်း ဆုပ်ကိုင်ထားကြမယ်............

ငါရည်ရွယ်ရာမှာ
တိမ်တိုက်ပေါ် မင်းအမြဲရှိနေတာ
သီအိုရီတခုပမာပေါ့....................။


..

2 comments:

ဂျူဝသန် said...

မစာနာနဲ့ငါ့ကို
ထပ်တူညီဖို့ မမြင်တဲ့
ဒီညီမျှခြင်းတွေရဲ့အဝေးမှာ
ငါမနေနိုင်ဘူး....)

ဟုတ်တယ် မနေနိုင်တော့ဘူး ပြန်တော့မှာ။

Anonymous said...

ကို ဂျူဝသန်ပြောသလိုဘဲ ဗျာ
မစာနာနဲ့ငါ့ကို
ထပ်တူညီဖို့ မမြင်တဲ့
ဒီညီမျှခြင်းတွေရဲ့အဝေးမှာ
ငါမနေနိုင်ဘူး...
ပိုသဘောကျပါတယ်
အဆင်ပြေပါစေဗျာ