Thursday, January 22, 2009

အလွမ်းကျောက်စာ


အသက်စတေးပေးမယ်အသင့်
အရှက်တွေအဝေးမင်းလိုရင်ဖြည့်
အကြင်နာသင်ကာပြတဲ့အခါ
နာကျင်မိအခါခါပေါ့..................
မယွင်းမယ့်ဒီအချစ်ကို
ပျက်သုဉ်းအောင်သူစေတော့
အပြစ်အနာဆာကင်းအောင်
စွမ်းဆောင်မယ့်အဖြစ်ကို
လုံးလုံးသူမကျေတော့................
ဟက်တက်ကွဲဒီခံစားချက်မှာ
ပေါလောပေါ်မြုပ်ချည်တလှည့်ရယ်နဲ့
အထပ်ထပ်ပြောမယ်သူမမုန်းအောင်
ချစ်မိမှားမျက်မာန်ရယ်လို့ မရှလဲရှိစေတော့...............
မခတော့ဒီမျက်ရည်
တလည်လည်ကွဲပက်လက်ရယ်နဲ့
ဖြစ်ကြောင်းကိုပြန်လှန်တွေးကာ
ရင်ဖွင့်မိအကြိမ်ကြိမ်မှာတော့
ဟော့ရမ်းမိမူပိုတဲ့အဖြစ်ကို
ကြိုဆိုသူမဲ့ချိန်မတော့
ခပ်ကော့ကော့ရွှေရင်အစုံကို
ကမ္ဘာကျော်အောင်တွေးဆွေးမိပေါ့
လွမ်းမိသမျှရင်ခွင်စာကို
ထွင်းလိုက်မယ်အသည်းရင်ပြင်မှာ
နာမက အလွမ်းကျောက်စာ လို့
မျှဝေမိတာဝေဒနာပေါ့..................



No comments: