Thursday, January 15, 2009

အမှတ်တရ

အဝေးဆုံးစံတော်ချိန်မှာတော့
ပုံရိပ်ယောင်တချို့ကွပ်မျက်မှုဟာ
ကွက်လပ်လိုဟာတာတာပေါ့..............
ရင်ဗလာဆာလာချိန်မှာ
နွေးထွေးတဲ့အပူချိန်တခုသာသာ
မြတ်နိုးမှုတချို့တဝက်က
ဝါးမြိုသွားဒီရင်ကို
လက်ရှိစံတော်ချိန်မှာတော့
ဂီတသံကိုနားဆင်ရင်း
ပူငွေ့ငွေ့မျက်ရည်ကျတုန်းပေါ့....................



1 comment:

Anonymous said...

ကဗျာလေးကို ခံစားနှစ်သက်မိပါတယ်.. မဆုံဆည်းနိုင်သူတွေရဲ့ ကြေကွဲဖွယ် အဖြစ်ကို မြင်ယောင်မိတယ်..။ ကောင်းပါ၏..။