Wednesday, January 14, 2009

စိတ်နဲ့တွဲတဲ့လက်

မခွဲဘူးအတွေးနဲ့ မမေးနဲ့တော့ချစ်သူ
နည်းနည်းလေးမှမတိမ်းစောင်းမယ့်
ဒို့ရဲ့အရောင်တူတူအစုဖွဲ့လေးကို
ပိုင်ဆိုင်မယ်ထာဝရအဖြစ်ပေါ့.................
သံစဉ်အားလုံးသာယာနိုင်အောင်တော့
အားသွန်စိုက်ထုတ်အချစ်နဲ့ရေးမယ်လေ
ဘာဖြစ်ဖြစ်ပါ.........
မမှုတော့ဘူးအခိုင်ဆုံးကြိုးလေးနဲ့အတူ
သံယောဇဉ်များစွာအတွက်
ပေးဆပ်မယ်ဒို့အတူတူပေါ့...............
သွေးနဲ့ရေးတဲ့စာသားတွေအားလုံး
ကဗျာဆန်စေဘို့
အကြင်နာပေလွှာပေါ်မှာ
တည်မြဲနေအောင်
မြတ်နိုးမှုတွေစုစည်း
အထီးကျန်တာတွေဘေးဖယ်ပြီး
ကာလတခုခုအထိတော့
ဒို့တွေစိတ်ထဲကြေကွဲနေမယ်လေ...............။

No comments: