Monday, January 5, 2009

♥ငံ့လင့်မေတ္တာ နဲ့ ထားမယ့်သစ္စာ♥


ကာရံဆိုတာကဗျာလေးတပုဒ်အတွက်

အကြင်နာဆိုတာမေတ္တာတရားရဲ့ကာရံ

သံစဉ်ဆန်ဆန်ရင်ခုန်သံတွေကို

ကာရံနဲ့ဖွဲ့တဲ့ကဗျာပမာ

လှပစွာနှစ်လိုဖွယ်ဖြစ်စေဖို့

နူးညံ့တဲ့သက်ရောက်ခြင်းတွေနဲ့

အချိန်မကြာတဲ့သက်သေသာဓကတခုကို

ခိုင်ခိုင်မာမာဆုပ်ကိုင်ထားနိုင်ဘို့ကိုတော့

လေတိုက်တိုင်းမယိမ်းတဲ့

ဒို့ရဲ့ချစ်သစ်ပင်ကို

အမြဲစိမ်းလန်းနေဘို့

အပြန်အလှန်လေးစားကြင်နာမှုအားဖြည့်ထားတဲ့အချစ်မြေဆီပေါ်မှာ

ငတ်မွတ်တဲ့မေတ္တာအဖူးပွင့်တွေဝေဆာစေအောင်

သံယောဇဉ်မြေသြဇာအစဉ်လောင်း

သစ္စာတရားနဲ့ချစ်သစ်ပင်ကို

အမုန်းပိုးတွေအမြဲသတ်ပေးလို့သာ

အားလုံးအမြင်မှာ

ငါတို့အချစ်သစ်ပင်ဟာ

ငံ့လင့်တဲ့မေတ္တာအဖူးပွင့်တွေနဲ့

ထားသစ္စာကိုသက်သေပြုမယ်............

အကြင်နာမြင်လှည့်စမ်းပါ

စိတ်ကူးနဲ့တောင်ရူးလောက်အောင်ပျော်မိတယ်ကွယ်♥♥♥♥♥



4 comments:

အရုပ်ကလေး said...

ကဗျာကောင်းလေးပါ..

ကဗျာမလေး said...

ဖတ်လိုက်ရတဲ့အခိုက်အတန့်လေးမှာ ကြည်နူးမိတယ် ညီမလေး...။

ဖြိုးဝေတိုး said...

စာသားလေးတွေက ခံစားချက်နုနုကိုယိုင်လဲစေပါတယ်..
အသုံးအနှုံတွေကလှပသလို ပြတ်သားပါတယ်
နှစ်သက်မိလို့ကူးယူသိမ်းဆည်းထားပါကြောင်း
ခင်မင်စွာဖြင့် (MoetAin)

Anonymous said...

ကဗျာတွေအရမ်းကောင်းတယ်နော် လာလည်မယ်ဗျာနောက် ကြိုက်တာလေးတွေလဲ ယူသွားတယ်နော် ရှဲရှဲ