Monday, January 19, 2009

အရိပ်မဲ့ညရဲ့ကကြိုး

မာယာမဲ့ကကွက်တခုမှာ
မရေမရာမြူခိုးလေးအလား
ကြေကွဲဒဏ်ရာတစုံတရာဟာ
ကာရံမဲ့ပျောက်ဆုံးသွား................။
ညင်သာလွန်းတဲ့ဆွဲအား
တိုးတိမ်လှတဲ့စည်းချက်ကို
အားအကောင်းဆုံးညှို့ချက်ပြင်းပြင်းလို
တသိမ့်သိမ့်လှုပ်ခါသွား....................။
ရှတတအက်ကြောင်းတခုဟာ
ဒဏ်ရာမပေါ်နိဂုံးပုံရိပ်ကို
အရိပ်မဲ့ညအဖြစ်နဲ့
ကံဇာတ်ဆရာအလိုကျ
အားပါးတရကလို့သွား................။





No comments: